အရုဏ်ဦးလက်လီရောင်းဝယ်ရေးလုပ်ငန်း (လက်ရှိ - အရုဏ်ဦးမှော်ဘီကုမ္ပဏီလီမိတက်) ဟာဆိုရင် ဦးနေမျိုးဦး နဲ့ ဒေါ်စန္ဒာလင်းတို့ ဇနီးမောင်နှံ မောင်တထမ်းမယ်တရွက်နဲ့ အတူတကွ ထူထောင်လာခဲ့ကြပြီး ဗွီဒီယိုအခွေအငှားဆိုင်ဘဝကစပြီး သန္ဓေတည်ခဲ့တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
အရုဏ်ဦးဆိုတဲ့ လုပ်ငန်းနာမည်ကတော့ ဦးနေမျိုးဦးရဲ့ မိဘများဆီကနေ လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ခဲ့တဲ့ နာမည်အမွေတစ်ခုပါ။
ဒီလုပ်ငန်းကို ယခုလက်ရှိ သားဖြစ်သူ ကိုပြည့်ဖြိုးအောင် နဲ့ ဇနီး ဒေါ်သက်သက်အောင်တို့ လက်ထက်အထိ မျိုးဆက်သုံးဆက် တိုင်တိုင် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြပြီး မှော်ဘီမြို့ ကျက်သရေဆောင် လက်လီလုပ်ငန်းတစ်ခုအဖြစ် အတ္တပရမျှတစွာရပ်တည်ရင်း ယနေ့တိုင် လုပ်ငန်းဆက်လက်လည်ပတ်လျက်ရှိပါတယ်။
အဘိုးဖြစ်သူ ဆရာကြီး ဦးတင်လှ နဲ့ အဘွားဖြစ်သူ ဒေါ်မြင့်ရီ ရဲ့ အရုဏ်ဦး လက်ဖက်ရည်ဆိုင်လုပ်ငန်းကစလို့ ရေတွက်ရရင် နှစ်ပေါင်း (၃၀) ကျော် တိုင်ခဲ့ပါပြီ။
ဒီလို နှစ်ပေါင်းများစွာအထိ တည်တံ့ပြီး လုပ်ငန်းလည်ပတ်နိုင်တာဟာ မှော်ဘီမြို့နဲ့ အနီးတဝိုက်က အစဥ်တစိုက်အားပေးလာခဲ့တဲ့ မိတ်ဆွေအပေါင်းအသင်းရောင်းရင်းများ၊ ထမင်းရှင်စျေးဝယ်များ၊ ဖောက်သည် စက်ဆရာများ နဲ့ လက္ကားဝယ်ယူ တဆင့် ပြန်လည်ရောင်းချသူများ အားလုံးရဲ့ ကျေးဇူးတွေကြောင့်ဆိုရင်လည်းမမှားပါဘူး။
အဘိုးဖြစ်သူ ဆရာကြီး ဦးတင်လှ နဲ့ အဘွားဖြစ်သူ ဒေါ်မြင့်ရီ ရဲ့ အရုဏ်ဦး လက်ဖက်ရည်ဆိုင်လုပ်ငန်းကစလို့ ရေတွက်ရရင် နှစ်ပေါင်း (၃၀) ကျော် တိုင်ခဲ့ပါပြီ။
Aryoneoo
Electronic
ဒါကြောင့် ကျေးဇူးရှင် ထမင်းရှင် မိဘပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ကြောင်း ဒီနေရာလေးကနေမှတ်တမ်းတင်လိုက်ရပါတယ်ခင်ဗျာ။